[English Below]
ရန်ကုန် - မြန်မာ၊ ဧပြီလ ၁၁ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ ရက် မှ ဧပြီလ ၁၃ ရက်အထိ ယာယီရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ပါသည်။
အထက်ဖော်ပြပါ ယာယီရပ်ဆိုင်းချက်အား ပြန်လည်သုံးသပ်ပြီးနောက် ကူးစက်မြန် COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု အစောပိုင်းအဆင့်ကို ပိုမိုထိရောက်သော ပြင်ဆင်မှုများ၊ တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းစဉ်များဖြင့် ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အချိန်ပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ယာယီရပ်ဆိုင်းချက်အား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
[English Below]
ရန်ကုန် - မတ်လ ၂၉ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်နှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မြန်မာနိုင်ငံရှိ မည်သည့်လေဆိပ်၌မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ရပ်ဆိုင်းသွားတော့မည် ဖြစ်ပါသည်။ ဤကြေညာချက်သည် မတ်လ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီမှ စတင်၍ ဧပြီလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ အကျုံးဝင်သက်ရောက်သွား မည်ဖြစ်ပါသည်။
Yangon, Myanmar 29 March 2020 – According to the notice from the Ministry of Health and Sports and Department of Civil Aviation, the landing of all international commercial passenger flights will not be allowed at Yangon International Airport (“YIA”) and any other airport in Myanmar, with effective from 30 March 2359 hours MST up to 13 April 2359 hours MST.
[English Below]
ရန်ကုန် - မတ်လ ၂၈ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံများအတွင်းသို့ အများပြည်သူဝင်ရောက်ခွင့်ကို ကန့်သတ်သွားတော့မည်ဖြစ်ပါသည်။ မတ်လ ၂၉ ရက်၊ ၀၀၀၀ နာရီ (တနင်္ဂနွေနေ့) မှ စတင်၍ တရားဝင်လေယာဉ်လက်မှတ် ကိုင်ဆောင်သူခရီးသည်များနှင့် တာဝန်ကျလေဆိပ်ဝန်ထမ်းများကိုသာ လေဆိပ်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွား မည် ဖြစ်ပါသည်။
[English Below]
ရန်ကုန် - မတ် ၂၅ ရက် ၊ ၂၀၂၀ ခုနှစ် - အင်္ဂလန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ (၃၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး၊ ပေါင်း သုံးဦးတို့ထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လတ်တလောတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
[English Below]
#Travel-Advisory for Quarantine (ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် ခရီးသွားများအားလုံး)
#ကိုးကားချက် - နိုင်ငံခြားရေး၀န်ကြီးဌာန၊ မြန်မာနိုင်ငံ
COVID – 19 အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါပြန့်ပွားနေသည့်ကာလအတွင်း ရောဂါပြန့်ပွားမှုကို ကြိုတင်တားဆီးကာကွယ်နိုင်ရန် အောက်ပါ ကြိုတင်ကာကွယ်ရေး ထပ်တိုးအစီအမံများကို ဆောင်ရွက်သွားပြီး အဆိုပါကန့်သတ်ချက်အစီအမံများသည် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှ စတင် အသက်၀င်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ယခုထုတ်ပြန်ချက်သည် ယခင်က ထုတ်ပြန်ကြေညာခဲ့သည့် အစီအမံများအားလုံးအပေါ် လွှမ်းမိုးကာ စတင်အကျုံးဝင်စေမည် ဖြစ်သည်။
COVID – 19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ရန် ခရီးသည်များအား လေဆိပ်ကျန်းမာရေးဌာနခွဲနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အကြံပြုအပ်ပါသည်။
အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် ဗီဇာကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ အသေးစိတ် ပိုမိုသိရှိလိုပါက
https://www.facebook.com/mofamyanmar/
https://www.mofa.gov.mm/ တို့တွင် ၀င်ရောက်ဖတ်ရှုရန် တိုက်တွန်းပါသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.