[English Below]

ဟိုင်နန်ပြည်နယ်၏ မြို့တော် နှင့် အကြီးမားဆုံး လမ်းပန်းဆက်သွယ်ရေးအချက်အချာမြို့ဖြစ်သော ဟိုင်ခိုမြို့ နှင့် မြန်မာနိုင်ငံ၏ စီးပွား‌ရေးမြို့တော်၊ ရန်ကုန်မြို့သို့ ချိတ်ဆက်ပျံသန်းသည့်  9 Air လေကြောင်းလိုင်း ၏ ဟိုင်ခို - ရန်ကုန် ခရီးစဉ်ကို ယနေ့နံနက်တွင် စတင်ပျံသန်းပြေးဆွဲလိုက်ပါသည်။

Read more

[English Below]

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးသည်များ အနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စသည့် တုပ်ကွေးဆန်သောရောဂါ လက္ခဏာများ လက်ရှိအနေဖြင့် ဖြစ်ပွားလျက်ရှိပါက (သို့မဟုတ်) လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပွားခဲ့ပါက (သို့မဟုတ်) ပြန်လည်ရောက်ရှိပြီး (၁၄) ရက်အတွင်း အဆိုပါ ရောဂါလက္ခဏာများဖြစ်ပွားပါက လေဆိပ်ကျန်းမာရေးဌာနနှင့် နီးစပ်ရာကျန်းမာရေးဌာနများ သို့ သင်၏ ကျန်းမာရေးအား အခမဲ့ကုသပေးနိုင်ပါရန် နှင့် အမြန်ဆုံး သတင်းပေးပို့ ဆောင်ရွက်ပါရန် လေဆိပ်ကျန်းမာရေးဌာနခွဲ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (“YACL”) သည် ၎င်း၏ ဒုတိယအကြိမ်မြောက် Foreign Object Debris ("FOD") campaign လှုပ်ရှားမှုကို လေဆိပ်အတွင်းရှိ လေယာဉ်များဆိုက်ကပ်ရာလုပ်ငန်းခွင်၌ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါသည်။ FOD ဆိုသည်မှာ လေဆိပ်ဧရိယာအတွင်းရှိနေသော မလိုလားအပ်သည့် ပစ္စည်းများဖြစ်ပြီး လေဆိပ်အတွင်း ဝင်ထွက်သွားလာဆိုက်ကပ်နေသော လေယာဉ်များ နှင့် လေဆိပ်လုပ်ငန်းခွင်တာဝန်ကျဝန်ထမ်းများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် ပစ္စည်းများဖြစ်ပါသည်။

 အဆိုပါ FOD Campaign ဆောင်ရွက်ရာတွင် မိတ်ဖက်လေကြောင်းလိုင်းများ၊ Ground Handling Agent များစသည့် လေဆိပ်လုပ်ငန်းလုပ်ကိုင်နေ‌သော အဖွဲ့အစည်းများ၊ အေးရှား‌ဝေါလ် ဆောက်လုပ်ရေး နှင့် Yangon Aerodrome Company Limited (“YACL”) တို့မှ ဝန်ထမ်း ၁၆၃ ဦး အားတက်သရောပါဝင်ခဲ့ကြပြီး FOD ၁၄ ကီလိုဂရမ်ကျော်ကို ရှင်းလင်း သိမ်းဆည်းရရှိခဲ့ပြီး ယခုနှစ် အစောပိုင်းတွင် ဆောင်ရွက်ခဲ့သော FOD Campaign မှ ရရှိခဲ့သည့် FOD ပမာဏထက် သိသိသာသာ လျော့ကျခဲ့ပါသည်။

 ယခုလို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဘေးအန္တရာယ်ကင်းရှင်းသော နယ်မြေဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် ယခုလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသူများအားလုံးကို YACL မှ ကျေးဇူးတင်အပ်ပါသည်။

 

Read more

[English Below]

 

ဒူဘိုင်းအခြေစိုက်၊ flydubai လေကြောင်းလိုင်း၏ ဒူဘိုင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့စတင်ကာ ချိတ်ဆက်ပျံသန်းလိုက်ပြီဖြစ်ပါသည်။

flydubai အနေဖြင့် ၎င်း၏ လေကြောင်းခရီးစဉ်ကို ခရီးသည် ၁၇၄ ဦး သယ်ယူ၀န်ဆောင်မှုပေးနိုင်သည့် Boeing 737-800 အမျိုးအစားလေယာဉ်အား အသုံးပြုသွားကာ နေ့စဉ် ပျံသန်း ပြေးဆွဲသွားမည် ဖြစ်ပါသည်။

အဆိုပါ လေကြောင်းလိုင်းစတင်ပျံသန်းခြင်းအခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal 1 တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အေးရှားဝေါလ်ကုမ္ပဏီလုပ်ငန်းစုဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်၊ YACL ၏ COO ဖြစ်သူ Mr. Jose Angeja နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာ၀န်ရှိသူများမှ တက်ရောက်ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

“ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေ လိုအပ်ကြောင်း နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ အဆိုပါကဏ္ဍမှာ အရေးပါတဲ့နေရာကနေ ပါ၀င်ပတ်သက်နေပါတယ်။” ဟု ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၎င်း၏ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

 

Flight Schedule: Daily
Flight Number: FZ1585/FZ1586
Route: DXB-RGN-KBV-RGN-DXB

 

Read more

[English below]

၂၀၁၉ ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူခရီးသည်ပမာဏသည် ယနေ့ခြောက်သန်း ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ခရီးသည်ပမာဏခြောက်သန်းပြည့်မြောက်ခြင်းအား ဂုဏ်ပြုသော အထိမ်းအမှတ် အနေဖြင့် IndiGo လေကြောင်းလိုင်းလေယာဉ်အမှတ် 6E 1398 ဖြင့် ကာလကတ္တားမှ ရန်ကုန်သို့ စီးနင်းလိုက်ပါ လာသော ခြောက်သန်းမြောက် ကံထူးရှင်ခရီးသည်  ကို YACL မှ IndiGo လေကြောင်းလိုင်းနှင့်အတူ ယနေ့ ကြိုဆို ခဲ့ပါသည်။

YACL မှ ဂုဏ်ပြုပေးအပ်သော ဆုကြေးကျပ်တစ်သန်းအပြင် အခြားခရီးသွားလက်ဆောင်ပစ္စည်းများနှင့် YACL ၏ မိတ်ဖက်ကုမ္ပဏီများဖြစ်ကြသည့် Horizon Lake View Resort ၊ Mingalar Sky Company Limited ၊ Royal Golden Sky Company Limited ၊ Espace Café & Bar ၊ Craft Café ၊ Krispy Kreme Doughnuts ၊ Gloria Jean’s Café နှင့် Monster Cheese တို့မှ လက်ဆောင်ပစ္စည်းများကို Mr. Ameeramsa နှင့် သူ၏ မိသားစု၀င်များအား ပေးအပ်ဂုဏ်ပြုခဲ့ပါသည်။

 

Read more

Subcategories

[Travel Advisory]

PASSENGER SERVICE CHARGE (PSC) UPDATE

Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.

This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.

Passengers who purchased tickets before the 12 May, 2025,  are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.

We appreciate your understanding and cooperation.

YIA Web


© Copyright 2018 by Yangon Aerodrome.