[English Below]

Myanmar Airways International (“MAI”) လေကြောင်းလိုင်း၏ ရန်ကုန် - ဆိုးလ် ပထမဆုံး တိုက်ရိုက်ခရီးစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ စတင်ပြေးဆွဲပျံသန်းလိုက်ပြီ ဖြစ်ပါသည်။

MAI အနေဖြင့် ၎င်း၏ တိုက်ရိုက်လေကြောင်းခရီးစဉ်ကို Airbus A319 လေယာဉ်အမျိုးအစားကို အသုံးပြုကာ တစ်ပတ်လျှင် လေးကြိမ်၊ အပတ်စဉ် အင်္ဂါ ၊ ကြာသပတေး ၊ စနေ နှင့် တနင်္ဂနွေနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ သွားလာရန် ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သော MAI မှ စတင်ပြေးဆွဲဝန်ဆောင်မှုပေးလိုက်ခြင်းဖြင့် ခရီးသည်များအနေဖြင့် ရွေးချယ်စရာ အခွင့်အလမ်းများ ပိုမိုများပြားလာပြီဖြစ်ပါသည်။

Flight Schedule: Tuesday, Thursday, Saturday, Sunday
Flight Number: 8M801/8M802
Route: RGN – ICN - RGN
ETA/ETD: 0600/1650

Read more

[English Below]

ရန်ကုန်- ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၉ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲလျက်ရှိသော Yangon Aerodrome Company Limited (“YACL”) သည် လေကြောင်း ပို့ဆောင်ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၉၊ သြဂုတ်လ (၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူခြင်း ကြေငြာချက်အရ ၂၀၁၉၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် အဆိုပြုတင်ဒါလျှောက်ထားမှုအား ပြုလုပ်ခဲ့ပါသည်။  

မြန်မာနိုင်ငံ၏တောင်ဘက်အစွန်ဆုံးပိုင်းတွင်တည်ရှိပြီး သဘာဝကျွန်းစုအလှတရားများ ပေါကြွယ်ဝကာ လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ ပြည်တွင်း နှင့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များကြား ရေပန်းစားလာသည့် မြိတ်ကျွန်းစုသို့ သွားလာနိုင်သော ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်လာမည့် ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှု တစ်ရပ် ဖြစ်ပါသည်။

Read more

[English Below]

Yangon Aerodrome Company Limited “YACL” ဝန်ထမ်းမိသားစု၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲကို ‌မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မာစရိယကျောင်းတိုက် တွင် ကျင်းပ ကုသိုလ်ယူခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းများ၊ လှူဖွယ်ဝတ္ထုအစုစု နှင့် နဝကမ္မအလှူတော်ငွေတို့ဖြင့်ဆက်ကပ် လှူဒါန်းကာ ကျောင်းတိုက် ဆရာတော်ထံမှ တရားတော်နာယူခဲ့ကြပါသည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှိ boarding gate အမှတ် ၈၊ ၉၊ ၁၀ နှင့် ၁၁ တို့၏ စောင့်ဆိုင်းဧရိယာများ ကို ယနေ့ နံနက် ၆:၀၀ နာရီမှစ၍ ခရီးသည်များ စောင့်ဆိုင်းအသုံးပြုရန်အတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း YACL မှ ဝမ်းမြောက်စွာကြေညာအပ်ပါသည်။

ဖွင့်လှစ်လိုက်သောစောင့်ဆိုင်းဧရိယာများတွင် အသစ်တပ်ဆင်ထားသော ထိုင်ခုံများ၊ မိုဘိုင်းဖုန်းအားသွင်းသော charging stations များနှင့် ပိုမိုအဆင့်မြင့်ကောင်းမွန်သော လေအေးပေးစနစ်များဖြင့် ခရီးသည်များ မိမိတို့၏ ခရီးစဉ်များကို သက်တောင့်သက်သာ အနားယူစောင့်ဆိုင်းနိုင်မည် ဖြစ်ပါသည်။

YACL အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူခရီးသည်များအား ပိုမိုကောင်းမွန်သော လေဆိပ် အသုံးပြုမှု အတွေ့အကြုံများ ပေးစွမ်းနိုင်ရန် အမြဲကြိုးပမ်းလျက်ရှိပြီး Terminal 2 စောင့်ဆိုင်းဧရိယာ ပြန်လည် ဖွင့်လှစ်လိုက်ခြင်းသည် ခရီးသည်များအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းချက်များ၏ သက်သေတစ်ရပ်ပင် ဖြစ်ပါသည်။

ယခုထက်ပိုမို၍ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးအပ်သွားရန် နှင့် တိုးတက်များပြားလာသော ခရီးသည်အသုံးပြုမှု ပမာဏ ၊ လေယာဉ်ဝင်ထွက်မှုများအား အထောက်အကူပြုသော ဝန်ဆောင်မှုပေးသွားနိုင်စေရန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအား တိုးချဲ့မွမ်းမံခြင်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

Read more

[English Below]

ရန်ကုန် - နို၀င်ဘာ ၁ ရက် ၊ ၂၀၁၉ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲ၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited နှင့် Luxembourg’s aid and development agency တို့မှ မြန်မာနိုင်ငံတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အလုပ်သင်အစီအစဉ်များ (Internship programme) များမှတစ်ဆင့် လေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်နယ်ပယ်များတွင် လူ့စွမ်းအားအရင်းအမြစ်အရည်အသွေးမြှင့်တင်မှုများကို ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကြေညာခဲ့ပါသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်သွားရန်အတွက် Yangon Aerodrome Company Limited (“YACL”) အနေဖြင့် Lux – Development S.A. (“LuxDev”) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့‌ကြောင်း ပြောကြားခဲ့ပါသည်။

 

Read more

Subcategories

[Travel Advisory]

PASSENGER SERVICE CHARGE (PSC) UPDATE

Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.

This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.

Passengers who purchased tickets before the 12 May, 2025,  are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.

We appreciate your understanding and cooperation.

YIA Web


© Copyright 2018 by Yangon Aerodrome.