[English Below]
ဘေးအန္တရာယ်ကင်းရှင်းရေးသတိပေးချက် နှင့် အများပြည်သူသို့ အသိပေးပန်ကြားချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပရဝုဏ်အတွင်း (သို့မဟုတ်) လေဆိပ်မှ ၅ ကီလိုမီတာ အကွာအဝေးအတွင်း စွန်လွှတ်ခြင်း အပြုအမူများ မပြုလုပ်ကြရန် ပန်ကြားခြင်း။
YACL ၏ Airside Operation Team သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပတ်လည်ဧရိယာ နှင့် ဝန်းကျင်ဒေသ၊ လေယာဉ်ပြေးလမ်း (RWY) အတွင်းရှိနေရာများတွင် နေ့စဉ် ပုံမှန် လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် များစွာသော အသုံးပြုပြီးစွန်များကို အမြဲ တွေ့ရှိနေရပါသည်။
စွန်လွှတ်ကစားခြင်းသည် ပျော်ရွှင်စိတ်အပန်းပြေဖွယ် ကစားနည်းတစ်ခုဖြစ်သော်လည်း လေဆိပ်အနီးတစ်ဝိုက်ပျံသန်းလွှတ်တင်လျက်ရှိသော စွန်များသည် လေယာဉ်ပျံသန်းပြေးဆွဲမှု လုံခြုံရေးစိတ်ချရေးအတွက် စိုးရိမ်ရသောအပြုအမူ နှင့် အနှောင့်အယှက်ဖြစ်စေသော အခြေအနေတစ်ရပ်ဖြစ်ပါသည်။
[English Below]
ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်း ထပ်တိုးကာလ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal - 3 တွင် ပျံသန်းပြေးဆွဲလျက်ရှိသော ပြည်တွင်း လေကြောင်းလိုင်းများ၏ ပြည်တွင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုများ ရပ်ဆိုင်းကာလ ကို (၁၅-၁၂-၂၀၂၀) အထိ တိုးမြှင့်ထားကြကြောင်း ၎င်းလေကြောင်းလိုင်းအသီးသီး၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာများမှ တဆင့် အသိပေးခဲ့ပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ခရီးသည်များအနေဖြင့် မိမိတို့၏ လေကြောင်းခရီးစဉ်ပြောင်းလဲမှုများနှင့် အသေးစိတ်ကိစ္စရပ်များအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းအသီးသီးထံသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါရန် အကြုံပြုအပ်ပါသည်။
Reflection of Yangon International Airport, 2015 – 2020
It has been slightly more than 5 years since the effective operation and management of Yangon International Airport ("YIA") was transferred from the Department of Civil Aviation ("DCA") to Yangon Aerodrome Company Limited ("YACL") pursuant to a Concession Agreement signed on 6th January 2015.
INTERNATIONAL TRAVEL ADVISORY
[English Below]
အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ ခုနှစ်၊ နို၀င်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ကန့်သတ်ချက်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးနေသော အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဤကန့်သတ်ကာလအတွင်းတွင် အရေးပါသော ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များ ပြေးဆွဲပျံသန်းမှုကို ပုံမှန်အတိုင်းဆက်လက် ဝန်ဆောင်မှုပေးသွားမည်။
[English Below]
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရုံသုံး ကျန်းမာရေးအထောက်အကူပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံ၊ ထိန်းသိမ်း၊ ထုတ်ပေးခြင်း အတွက် ကျသင့်သည့် ဝန်ဆောင်ခ၊ စရိတ်များအား ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသို့ လှူဒါန်းခဲ့။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ မဲဆန္ဒရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မဲရုံဝန်ထမ်းများ COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် နိုင်ငံတော်မှ မှာယူထားသည့် အရေအတွက်အားဖြင့် (၉၁,၂၃၉)၊ စုစုပေါင်း တန်ချိန်အားဖြင့် (၁,၂၂၆) တန်ချိန်ရှိသော ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း (၁၂) မျိုးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ YACL Air Cargo Terminal သို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့မှစ၍ ရောက်ရှိခဲ့ကြပါသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.