[English Below]

ရန်ကုန် - မြန်မာ၊ ဇွန်လ ၂၅ ရက်၊ ၂၀၂၀ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ကို စီမံခန့်ခွဲ၀န်ဆောင်မှု ပေးနေသော Yangon Aerodrome Company Limited (YACL) သည် ICAO ၏ လမ်းညွှန်ချက်များ နှင့်အညီဖြစ်သော Airport Public Health Contingency Plan (APHCP) ၏ နိုင်ငံတကာ စံချိန်စံညွှန်းများအရ  လေဆိပ်တွင်း  COVID – 19 ကြိုတင်ကာကွယ်ရေးစီမံချက်များ နှင့် ပုံမှန် ရေရှည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ထပ်တိုးလုပ်ဆောင်နေပါသည်။ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ကို ယာယီရပ်ဆိုင်းထားသောကြောင့် လေဆိပ်အသုံးပြုသူခရီးသည်ပမာဏသည် ဖေဖော်၀ါရီလ၀က်ခန့်ကပင် စတင်ကျဆင်းလာခဲ့သော်လည်း YACL အနေဖြင့် နိုင်ငံတော်ကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် လုံခြုံစိတ်ချမှုရှိပြီး မြန်ဆန်ထိရောက်သည့် လေဆိပ်လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်၍ လည်ပတ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါသည်။ 

Read more

[English Below]

ရန်ကုန် - မြန်မာ၊ ဇွန်လ ၁၃ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ  ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဇွန်လ ၃၀ ရက် ၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ  ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါသည်။

 

Read more

[English Below]

ရန်ကုန် - မြန်မာ၊ မေလ ၂၉ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို မေလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

Read more

[English Below]

ရန်ကုန် - မေလ ၂၀ ရက် ၊ ၂၀၂၀ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲ၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) သည် ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID-19  ကို ကာကွယ်တိုက်ထုတ်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါ၀င်ကူညီပေးနိုင်ရန် ကူးစက်ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း နှင့် တာ၀န်ရှိသူများ ၊ YACL၏ စီမံခန့်ခွဲမှုအဖွဲ့၀င်တို့ တက်ရောက်ခဲ့ကြပါသည်။

Read more

[English Below]

ရန်ကုန်၊ မေလ ၁၉ ရက်၊ ၂၀၂၀ – ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (YACL) သည် ၎င်း၏ ချမှတ်ထားသော လုပ်ငန်းဦးတည်ရည်မှန်းချက် တစ်စိတ်တစ်ပိုင်း ဖြစ်သည့် လေဆိပ်အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး ၊ ဘေးကင်းလုံခြုံရေး ၊ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူများ နှင့် လေကြောင်းဆိုင်ရာ မိတ်ဖက်၊ စီးပွားဖက်များ၏ ကျန်းမာဘေးကင်းစွာ လုပ်ငန်းလုပ်ဆောင်လည်ပတ်နိုင်ရေး စသည်တို့နှင့်အညီ လေဆိပ်အဆောက်အအုံ ဧရိယာများကို ပြုပြင်ထိန်းသိမ်း ခြင်း၊ သန့်ရှင်းခြင်း နှင့် ပိုးသတ်ခြင်း လုပ်ငန်းစဉ်များကို COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ယာယီရပ်ဆိုင်းခြင်း ကာလ၌ပင် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

၂၀၂၀ ခုနှစ် မတ်လ ၈ ရက်နေ့မှ စတင်၍ YACL သည် သက်ဆိုင်ရာမှ အတည်ပြုထားသော Airport Public Health Contingency Plan (APHCP) ပါ စည်းမျဉ်းများအတိုင်း လေဆိပ်အဆောက်အအုံ နှင့် Airside ဧရိယာများအား ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းကို လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူများ ၊ ခရီးသည်များ၏ ကျန်းမာရေးကို အကောင်းဆုံး ကာကွယ်မှုဖြစ်စေရန် နှင့် လေဆိပ်၏ Airside ဧရိယာများအား အသုံးပြုနေကြသူ လေကြောင်းလိုင်းများ၊ မြေပြင်ဝန်ဆောင်မှုပေးသူများ ပိုမိုကောင်းမွန်စွာ လုပ်ငန်းလည်ပတ်နိုင်စေရေးအတွက် တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။ 

Read more


© Copyright 2018 by Yangon Aerodrome.