[English Below]
ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ကြိုတင်အစီအမံများ စာပွဲဝိုင်းလေ့ကျင့်ခန်း (Tabletop Exercise) ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (YACL) သည် Airport Council International (ACI)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစသည့် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနများမှ ချမှတ်အကြံပေးထားသော ပြည်သူ့ကျန်းမာရေး အရေးပေါ်စီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် နယ်နမိတ်ဖြတ်ကျော်ဝင်ရောက်နိုင်သော ကူးစက်ရောဂါများ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ချက်အစီအမံများအတွက် စာပွဲဝိုင်းလေ့ကျင့်ခန်း (Tabletop Exercise) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
INTERNATIONAL TRAVEL ADVISORY
[English Below]
အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား ဇန်နဝါရီလ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။
[English Below]
ရန်ကုန် - မြန်မာ၊ ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၀ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ပြည်တွင်းလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသော ပြည်တွင်းလေကြောင်းလိုင်းငါးခုအနက် မြန်မာအမျိုးသားလေကြောင်းလိုင်း နှင့် Air KBZ လေကြောင်းလိုင်းတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်းတို့၏ပုံမှန်လေကြောင်းခရီးစဉ်များကို စတင် ပြေးဆွဲပျံသန်းခဲ့သည်။
[English Below]
_ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက်_
ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
လေကြောင်းလိုင်းများတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များ၊ လေကြောင်းလိုင်း၀န်ထမ်းများနှင့် လေဆိပ်၀န်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တရား၀င်ထုတ်ပြန်ပေးသည်နှင့်တပြိုင်နက် လေဆိပ်အသုံးပြုသူများ အချိန်နှင့်တပြေးညီ သိရှိနိုင်ပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တရား၀င်စာမျက်နှာများတွင် ပြန်လည်ဖော်ပြသွားပါမည်။
ICAO's Comprehensive Capacity Study for Yangon International Airport
This study is submitted under ICAO Contract No. 22502023, "Comprehensive Capacity Study for Yangon International Airport", Myanmar, for the assessment of the existing/practical and future/saturation capacity.
On January 9, ICAO and the Consultant AIRIA signed a contract in which the Consultant's mission will concern the assessment of the capacity of the abovementioned Airport in Yangon, Myanmar.
Download the Full Report of ICAO's Comprehensive Capacity Study Here.
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.