Following the Airport Health Contingency Plan (APHCP) and (SOP Version 2.2) issued by the Myanmar Health Authority, YACL, the operator of Yangon International Airport (YIA) has continued to maintain the health & safety protocols for preventive measures for the containment of the COVID-19 viral outbreak. To be a safer environment for all airport users, including the staff working at the airport, YACL conducts the following actions;
[English Below]
အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား ဇူလိုင်လ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ ထပ်မံတိုးမြှင့်လိုက်သည်။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။
ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။
[English Below]
Traveler Alert: ပြည်တွင်းခရီးသည်များအတွက် ဝင်ပေါက် နှင့် ထွက်ပေါက် ဖြစ်သော Terminal 3 ရှိ Gate-4 အား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့အထိ တိုးမြှင့် ယာယီပိတ်ထားခြင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မိုးရာသီကာလအတွင်း ခရီးသည်များနှင့် လေဆိပ်အသုံးပြုသူများ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် Terminal 3 ရှိ Gate 4 တွင်အမိုးအကာအား တိုးချဲ့ဆောက်လုပ်ခြင်းအား ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ (၃၀) ရက်အထိ ပြည်တွင်းလေဆိပ် Gate-4 အား ယာယီပိတ်ထားခဲ့ပါသည်။ ယခုလက်ရှိလုပ်ဆောင်လျှက်ရှိသော တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းပြီစီးမှု လိုအပ်ချက်များအရ ပြည်တွင်းလေဆိပ် Gate-4 ယာယီပိတ်ထားခြင်းအား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့အထိ တိုးမြှင့်ထားကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
တိုးချဲ့လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်များအနေဖြင့်
လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ကားရပ်နားရာနေရာ နှင့် T3 ပလက်ဖောင်းများအကြား စီစဉ်ထားရှိပြီးဖြစ်သော အမိုးပါ လျှောက်လမ်းအား အဆိုပါယာယီကာလအတွင်း အသုံးပြုနိုင်ပါသည်။ ယာဉ်ရပ်နားရာနေရာအား အသုံးပြုသူများအနေဖြင့်လည်း သတ်မှတ်ထားသော ယာဉ်ရပ်နားရမည့်နေရာကိုသာ အသုံးပြုရပ်နားပေးကြရန်လည်း YACL မှ တိုက်တွန်းအပ်ပါသည်။
ခရီးသည်များအနေဖြင့် လတ်တလောကာလအတွင်း အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့ပါက သည်းခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ခရီးသည်များအားလုံး ဘေးကင်းကျန်းမာကြပါစေ။
[English Below]
Travel Advisory: COVID-19 ရောဂါပိုးစစ်ဆေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးခြင်း
လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ပြည်တွင်း ပြည်ပ ခရီးသည်များအနေဖြင့် COVID-19 RT PCR Test အား Yangon Airport Molecular Labe (YAML) တွင် စစ်ဆေးနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် YAML ၏ Hotline Numbers: 09 444099941~42 သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
[English Below]
အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား ဇွန်လ (၃၀) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။
ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.