[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် ခြောက်သန်းမြောက်ခရီးသည်အဖြစ် ကံထူးရှင်ခရီးသည် မဝင်းဝင်းအေးနှင့်မိသားစုကို Singapore Airlines နှင့်အတူ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ကြိုဆိုခဲ့ပါသည်။
ဆုကြေးငွေကျပ်တစ်သန်းအပြင် ကျပ်တစ်သန်းတန်ဖိုးရှိ ခရီးသွားလက်ဆောင်ပစ္စည်းများကိုပါ မဝင်းဝင်းအေးနှင့် မိသားစုအား ပေးအပ်ဂုဏ်ပြုခဲ့ပြီး ခရီးစဉ်တစ်ခုတည်း၌ အတူလိုက်ပါလာသော ခရီးသည် ၁၅၉ ဦးကိုလည်း Duty-Free ကူပွန်များ၊ ကံစမ်းမဲကူပွန်များ၊ YACL ကီးချိန်းများ နှင့် SQ canvas အိတ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသည်။
[English Below]
Sichuan Airlines ရဲ့ ခရီးစဉ်သစ်တစ်ခုဖြစ်တဲ့ ရန်ကုန် - ဟန်ကျိုး တိုက်ရိုက်ခရီးစဉ်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင် ပြေးဆွဲခဲ့ပါတယ်။ ဒီတိုက်ရိုက်ခရီးစဉ်သစ်ကို Sichuan Airlines က တစ်ပတ် (၃) ရက် ပြေးဆွဲပျံသန်းပေးသွားမှာဖြစ်ပါတယ်။
ခရီးစဉ်တိုးချဲ့မှုအပေါ် Sichuan Airlines အား ဝမ်းမြောက်ဂုဏ်ယူအပ်ပါတယ်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူခရီးသည်များအား အကောင်းမွန်ဆုံးခရီးသွားအတွေ့အကြုံများပေးစွမ်းနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ “Left Baggage Service” ကို ယနေ့မှ၍ ဖွင့်လှစ်ထားရှိပါတယ်။
[English Below]
ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် ငါးသန်းမြောက် ခရီးသည်ကြိုဆိုခြင်း အခမ်းအနားနှင့်အတူ YACL ၏ CEO Mr. Ho Chee Tong နှင့် COO Mr. Jose Angeja တို့မှ မီဒီယာများနှင့်တွေ့ဆုံပြီး ယခု လက်ရှိအချိန်ကာလအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အဆင့်မြှင့်တင်ထားမှုများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် ငါးသန်းမြောက် ခရီးသည်အဖြစ် All Nippon Airways လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် ကံထူးရှင်ခရီးသည် Mr. Yuji Terauchi ကို All Nippon Airways လေကြောင်းလိုင်းနှင့်အ တူ ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ကြိုဆိုခဲ့ပါသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.