[English Below]
ခရီးစဉ်သစ်များတိုးချဲ့ပျံသန်းခြင်းနှင့်အညီ မြန်မာနိုင်ငံ၏ အစည်ကားဆုံးနိုင်ငံတကာလေဆိပ်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၁၉ ခုနှစ်၏ ပထမ လေးလ အတွင်း ခရီးသည်ပေါင်း ၂.၃၂ သန်းကို လက်ခံဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူတွင် လက်ခံဝန်ဆောင်မှု ပေးခဲ့သော ခရီးသည်ပမာဏ ၂.၂၂ သန်း နှင့်ယှဉ်လျှင် ၄.၂% တိုးတက်လာသည်ဟု ရန်ကုန်အပြည်ပြည်ဆို်င်ရာ လေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (YACL) မှ ထုတ် ပြန်ကြေညာလိုက်ပါသည်။
[English Below]
သဘာဝတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက် အသိပညာမြှင့်တင်ပေးရေးလုပ်ဆောင်ချက်များနှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် International Terminal ရှိ သန့်စင်ခန်းများတွင် အသုံးပြုရန်ထားရှိသော တစ်ရှူးစက္ကူများအစား လက်ကို လျင်မြန်စွာ ခြောက်သွေ့စေသော အလို အလျောက်လေမှုတ်စက် ၃၂ ခုကို ပထမဆုံးအသုတ်အနေဖြင့် စတင်အစားထိုးတပ်ဆင်အသုံးပြုလိုက်ပါသည်။
[English Below]
China Eastern Airlines ၏ ဝူဟန် (Wuhan) - ရန်ကုန် ခရီးစဉ်သစ်ကို မေလ ၃၀ ရက်နေ့မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြေးဆွဲပျံသန်းသွားမည်ဖြစ်ပါသည်။
China Eastern Airlines ၏ ခရီးစဉ်သစ်တိုးချဲ့ပြေးဆွဲပျံသန်းမှုအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂုဏ်ယူဝမ်း မြောက်အပ်ပါသည်။
[English Below]
Yangon Aerodrome Company Limited (YACL) သည် အရည်အချင်းပြည့်ဝသော လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိသော ကုမ္ပဏီ၏ YACL internship program များအရ ယနေ့တွင် အရည်အချင်းရှိ ကျောင်းသူကျောင်းသား ခြောက်ဦးအား internship ပြီးဆုံးခြင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် လုပ်ငန်းလည်ပတ်မှုအဆင်ပြေ ချောမွေ့စေရေးအတွက် ရည်ရွယ်၍ YACL မှ မေလ၃ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် Foreign Object Debris (FOD) campaign လှုပ်ရှားမှုကို ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.