[English Below]

မေလ ၈ ရက်နေ့ ညနေခင်းကဖြစ်ပွားခဲ့သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်လာသည့် Biman Bangladesh လေကြောင်းလိုင်း (“Biman Airlines”) မှ လေယာဉ်တစ်စီး လေယာဉ်ပြေးလမ်းချော်မှုဖြစ်စဉ်အပေါ် Yangon Aerodrome Company Limited (“YACL”) မှ နောက်ဆက်တွဲသ တင်းထုတ်ပြန်ချက် ထုတ်ပြန်ကြေညာလိုပါသည်။ Bombardier Dash 8 - Q400 လေယာဉ်အမျိုးအစားသည် မေလ ၈ ရက် ၁၈း၅၁ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ချိန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြင်ကွင်းများ မပြတ်သားမှုကြောင့် လေယာဉ်ပြေးလမ်းမှ ချော်ထွက်မှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါလေယာဉ်တွင် လိုက်ပါစီးနင်းလာသော ကလေးတစ်ဦးအပါအဝင် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းစုစုပေါင်း ၃၅ ဦးကို ဖြစ်စဉ်ဖြစ်ပွားရာနေရာမှ အမြန်ဆုံးထွက်ခွာစေပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီထောက်ပံ့မှု အသီးသီးကို သက်ဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိသူများမှ ချက်ချင်းစီစဉ်ဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။ မေလ ၉ ရက် ညနေ ခြောက်နာရီအချိန်အထိ အသေးစားထိခိုက်ဒဏ်ရာများရရှိထားသော ခရီးသည် ၁၅ ဦးနှင့် လေယာဉ်ဝန် ထမ်း ၅ ဦးသည် ဆေးရုံတွင် ဆေးကုသမှုများ ခံယူလျက်ရှိပါသည်။

 

Read more

[English Below]

ခရီးသည် ၃၀ ဦးနှင့် လေယာဉ်ဝန်ထမ်း ၆ ဦး တင်ဆောင်လာသော Biman လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ပါသည်။

Biman လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် BG 060 ဖြင့် ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် Bombardier Dash – 8/400 လေယာဉ်အမျိုးအစားသည် ယနေ့ညနေ ၆း၅၁ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ဆင်းသက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြင်ကွင်းများမပြတ်သားမှုကြောင့် လေယာဉ်ပြေးလမ်း၏ ညာ ဘက်သို့ ချော်ထွက်သွားခဲ့ပါသည်။ ဤမတော်တဆမှုဖြစ်ပွားပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ATC (“Air Traffic Control”) လုပ်ငန်းစဉ်များအရ လေဆိပ်၏ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ဆို့ထားပါသည်။

Read more

[English Below]

မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင် ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (“International Civil Aviation Organization - ICAO”) ၏ အဖွဲ့ဝင်နိုင်ငံ များအတွက်သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် နိုင်ငံတွင်းလိုအပ်ချက်များနှင့်အညီ ပေးအပ်သော လေယာဉ် ကွင်းအသိအမှတ်ပြုလက်မှတ် (Aerodrome Certification) ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (“YACL”) သို့ ပေးအပ်ခဲ့ပါသည်။

 

Read more

[English Below]

China Eastern Airlines ၏ ဟူးဟန် (Hohhot) - ကူမင်း - ရန်ကုန် ခရီးစဉ်သစ်ကို ဧပြီလ ၂ ရက်နေ့တွင် စတင်ပြေးဆွဲနေပြီဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။


China Eastern Airlines ၏ ခရီးစဉ်သစ်တိုးချဲ့ပြေးဆွဲပျံသန်းမှုအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။

Read more

[English Below]

Sichuan Airlines ၏ ချန်ဒူးမြို့ နှင့် ရန်ကုန်မြို့ သို့ ချိတ်ဆက်ပျံသန်းသည့် ခရီးစဉ်သစ်အတွက် ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Sichuan လေကြောင်းလိုင်း၏ ချန်ဒူးမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် ခရီးစဉ် ကို ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့မနက်တွင် ကြိုဆိုခဲ့ပါသည်။

Sichuan လေကြောင်းလိုင်း သည် ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့မှ စတင်၍ ရန်ကုန် နှင့် ချန်ဒူး မြို့အကြား တစ်ပတ်လျှင် နှစ်ကြိမ် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

Read more

Subcategories

[Travel Advisory]

PASSENGER SERVICE CHARGE (PSC) UPDATE

Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.

This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.

Passengers who purchased tickets before the 12 May, 2025,  are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.

We appreciate your understanding and cooperation.

YIA Web


© Copyright 2018 by Yangon Aerodrome.